성경은 어떻게 형성된 것입니까? 성경은 도대체 어떤 책입니까?
لو كان لديك أي أسئلة فنرجو التواصل معنا:http://bit.ly/3a0ij0Q
كلمات الله اليومية – أَعْدِدْ ما يكفي من الأعمال الصالحة من أجل غايتك (اقتباس 1) – إنجيل اليوم
يقول الله القدير: " لقد قمتُ بالكثير من العمل بينكم ونطقتُ، بطبيعة الحال، بعددٍ من الأقوال أيضًا، ولكن لا يسعني إلا أن أشعر بأن كلماتي وعملي لم تحققا كليةً الغرض من عملي في الأيام الأخيرة. ذلك أن عملي، في الأيام الأخيرة، ليس من أجل شخص بعينه أو مجموعة بعينها، لكنه لإظهار شخصيتي المتأصلة. ومع ذلك، فلعددٍ لا يُحصى من الأسباب – ربما لندرة الوقت أو جدول العمل العصيب – لم تمكِّن شخصيتي الإنسان من معرفتي في شيء. لذا، أمضي قدمًا نحو خطتي الجديدة وعملي الأخير لفتح صفحة جديدة من عملي حتى يتسنى لكل مَنْ يراني أن يضرب على صدره وينتحب من البكاء بلا توقف لأجل وجودي. هذا لأنني أجلب نهاية البشرية إلى العالم، ومن هذا المنطلق، أكشف عن شخصيتي الكاملة أمام البشرية، حتى يتسنى لكل مَنْ يعرفني ولكل مَنْ لا يعرفني أن تُسر عينه ويرى أنني جئت حقًا إلى عالم البشر وأنني أتيتُ إلى الأرض حيث يكثر كل شيء. هذه هي خطتي، وإنه "اعترافي" الوحيد منذ أن خلقت البشر. أتمنى أن تولوا اهتمامكم الكامل تجاه كل تحرك من تحركاتي؛ لأني سأحكم قبضتي من جديد على البشر وعلى كل أولئك الذين يعارضونني.
جنبًا إلى جنب مع السماء، أبدأ العمل الذي يجب عليَّ القيام به، ولذا أسلك طريقي بين الناس وأتنقل بين السماء والأرض دون أن يدرك حركاتي أو يلاحظ كلماتي أحد. لذا لا تزال خطتي تتقدم بسلاسة. كل ما في الأمر أن جميع حواسكم أصبحت مخدرة جدًا حتى إنكم لا تعرفون عن خطوات عملي شيئًا. ولكن سيأتي بالتأكيد يوم ستتحققون فيه من نيتى. واليوم، فإنني أعيش معكم وأشارككم في المعاناة. لقد تفهمت منذ وقت طويل الموقف الذي يتخذه البشر مني. لا أرغب في تقديم مزيد من التوضيح، ناهيك عن إعطاء أمثلة أخرى لموضوع مؤلم لكي تشعروا بالهوان. إن رغبتي الوحيدة هي أن تحافظوا على كل ما قمتم به في قلوبكم حتى نتمكن من مراجعة حساباتنا في اليوم الذي نلتقي فيه مرة أخرى. لا أريد أن أتهم أحدكم زورًا؛ لأنني كنت دائماً أتصرف بعدل وإنصاف وشرف. بالطبع، أتمنى أيضًا أن تكونوا منفتحين وأن تتمتعوا برحابة الصدر ولا تفعلوا شيئًا يخالف السماء والأرض ويخالف ضميركم. هذا هو الشيء الوحيد الذي أطلبه منكم. يشعر كثير من الناس بالقلق وعدم الرضا لارتكابهم أخطاءً فادحة، ويشعرون بالخزي في أنفسهم؛ لأنهم لم يقدموا عملاً صالحًا واحدًا قط. ومع ذلك، هناك أيضًا العديد ممَنْ يتردى حالهم من سيئ إلى أسوأ، بعيداً عن الشعور بالخزي من جراء خطاياهم، ويمزقون تمامًا القناع الذي يخفي ملامحهم البشعة – التي لم تنكشف بعد بالكامل – لاختبار شخصيتي. أنا لا أهتم، ولا ألتفت بعناية، لأفعال أي شخص، بل أقوم بالعمل الذي يجب عليَّ أن أقوم به، سواء أكان جمع المعلومات أم التجوال في الأرض أم القيام بشيء يهمني. في الأوقات الرئيسية، سأشرع في عملي بين الناس كما كان مخططًا له في البداية، دون تأخير أو تقديم ثانية، وبكل سهولة وسرعة. ومع ذلك، فمع كل خطوة في عملي تتم تنحية بعض الناس جانبًا؛ لأني أحتقر طرقهم المصطنعة وخضوعهم المتكلف. من المؤكد أن أولئك الذين أمقتهم سيُهمَلون، سواءً عن قصد أم عن غير قصد. باختصار، أريد من كل أولئك الذين أحتقرهم أن يبتعدوا عني. وغني عن القول أنني لن أبقي الأشرار في منزلي، ولأن يوم عقوبة الإنسان قريب، فلا أتعجل لطرح كل هؤلاء الأرواح الخسيسة؛ فلديَّ خطتي الخاصة".
كلمات الله اليومية – أَعْدِدْ ما يكفي من الأعمال الصالحة من أجل غايتك (اقتباس 2) – إنجيل اليوم
https://www.youtube.com/watch?v=NOVmb...
كلمة الله – وحده مسيح الأيام الأخيرة قادر أن يمنح الإنسان طريق الحياة الأبدية(اقتباس 1)
https://www.youtube.com/watch?v=HTRUQ...
كلمة الله - ينبغي عليك أن تُعِدَّ ما يكفي من الأعمال الصالحة من أجل مصيرك
https://www.youtube.com/watch?v=lw0qf...
كنيسة الله القدير: https://ar.godfootsteps.org/
https://reurl.cc/yZg5vl
📖ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ - ဘုရားသခင်၏ အလုပ်ကို ကိုယ်တွေ့ ကြုံတွေ့သော သူသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်၏ (ကောက်နုတ်ချက် ၄)
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ-“ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင် ယေရှုသည် လူသားများအကြား၌ မိမိ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိခံယူခဲ့သည်။ သူ၏အလုပ်ကို သီးသန့်လုပ်ဆောင်ခြင်း မဟုတ်ဘဲ ယေဟောဝါ၏ အလုပ်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထိုနည်းတူ ယေရှု၏အမှု ပြီးမြောက်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အလုပ်ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် ရှေ့သို့ ဆက်လက်လုပ်ဆောင်မြဲ ဖြစ်သောကြောင့်တည်း။ ခေတ်ဟောင်း ကုန်ဆုံးပြီးနောက် ခေတ်သစ်တစ်ခု အစားထိုး ဝင်ရောက်လာလိမ့်မည်။ အမှုဟောင်း စုံလင်သည်နှင့် အမှုသစ်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်ပါလိမ့်မည်။ ယခုလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှု ပြည့်စုံပြီးသည့်နောက် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပါသည်၊ ယခုလူ့ဇာတိခံယူခြင်းသည် သီးခြားဖြစ်လာခြင်း မဟုတ်ဘဲ ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်ပါသည်။...ယေရှုက ဤလူ့လောကသို့ လာသောအခါ သူသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်သို့ ရောက်စေခဲ့သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူချိန်တွင် ကျေးဇူးတော်ခေတ်ကို ချုပ်ငြိမ်းစေကာ နိုင်ငံတော်ခေတ်သို့ ရောက်စေမည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံသောသူ အပေါင်းတို့သည် နိုင်ငံတော်ခေတ်သို့ ဦးဆောင်ခေါ်ယူသွားခြင်းကို ခံရမည်ဖြစ်ပြီး ဘုရားသခင်၏ ဦးဆောင်မှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံနိုင်လိမ့်မည်။ ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်းဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။ သူ၏အုပ်စိုးမှုကို နာခံသူအားလုံးသည် ပိုမြင့်သော သမ္မာတရားနှင့် ပိုကြီးမြတ်သော ကောင်းချီးများကို ခံစားရလိမ့်မည်။ သူတို့သည် အလင်းတွင် အမှန်တကယ် နေထိုင်ရမည်ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကိုလည်း ရကြလိမ့်မည်။”
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်:https://my.godfootsteps.org/
https://reurl.cc/pdyQ3x
လူ့ဇာတိခံဘုရားသခင်၏ အမှုတော်နှင့် ဝိညာဉ်တော်၏ အမှုတော်ကြားတွင် မည်သည့်ကွဲပြားမှုများရှိသနည်း။
https://my.kingdomsalvation.org/go…/God-s-incarnation-3.html
“တဖန်တုံ၊ ကိုယ်တော်၏ ဘုန်းကိုအကျွန်ုပ်အား ပြတော်မူပါ၏။ အကျွန်ုပ်တောင်းပန်ပါ၏ဟု လျှောက်လျှင်၊ ထာဝရဘုရားက ငါ၏ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာဝရ ဘုရား၏နာမတော်ကိုလည်း၊ သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူး ပြုမည်။ သနားလိုသောသူကိုလည်းသနားမည်။ သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသော လူတစုံ တယောက်မျှမရှိဟူ၍၎င်း။” (ထွ ၃၃:၁၈-၂၀)
“ထာဝရဘုရားသည်လည်း သိနာတောင်ထိပ်ပေါ်သို့ ဆင်းသက်၍၊ မောရှေကို တောင်ထိပ်ပေါ်သို့ ခေါ်တော်မူလျှင်၊ မောရှေသည် တက်လေ၏။ ထာဝရဘုရားကလည်း၊ လူတို့သည် ကြည့်ရှုခြင်းငှာ ထာဝရဘုရားထံသို့ ကျော်ဝင်၍၊ အများတို့သည် သေကြလိမ့်မည်ဟု စိုးရိမ်စရာရှိသောကြောင့် ဆင်း၍ သတိပေးလော့။ ထာဝရဘုရားထံသို့ ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည်လည်း၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေရမည်။ သို့မဟုတ် ထာဝရဘုရားသည် ဒဏ်ခတ်တော်မူမည်ဟု မောရှေအား မိန့်တော်မူ၏။” (ထွ ၁၉:၂၀-၂၂)
“လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကို မြင်သောအခါ၊ ကြောက်သောကြောင့် ရွှေ့၍ အဝေး၌ ရပ်နေကြ၏။ မောရှေကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။” (ထွ ၂၀:၁၈-၁၉)
“ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်ဟုလာ၏။ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည်ကြားလျှင် မိုဃ်းချုန်းသည်ဟုဆိုကြ၏။ အချို့ကလည်း ကိုယ်တော်အား ကောင်းကင်တမန်မြွက်သည်ဟု ဆိုကြ၏။” (ယော ၁၂:၂၈-၂၉)
လူဇာတိခံသည်
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏အမြင်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့်သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦးတစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ
ထို့ကြောင့် ယင်းအလုပ်ကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ဘုရားသခင်သည် လူ့ဇာတိကို ခံယူခဲ့ခြင်း မရှိပါက၊ ယင်းအစား လူသည် သူနှင့်ဆက်သွယ်ဖို့ လမ်းကြောင်းမရှိစေရန် ဝိညာဉ်တော်က မိုးကြိုးမှတစ်ဆင့် တိုက်ရိုက်စကားပြောခဲ့ပါက၊ လူသည် သူ၏စိတ်သဘောထားကို သိနိုင်ပါမည်လော။ ဝိညာဉ်တော်တစ်ပါးတည်းသာလျှင် အလုပ်လုပ်ခဲ့ပါက လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိလာရန် လမ်းရှိမည်မဟုတ်ခဲ့ပေ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါတွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာသောအခါတွင်၊ သူသည် လူ့ဇာတိမှတစ်ဆင့် သူ၏စိတ်သဘောထား အလုံးစုံကို ဖော်ပြသောအခါတွင်သာ၊ လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို သူတို့၏မျက်စိများဖြင့် မြင်နိုင်ကြလိမ့်မည်။ ဘုရားသခင်သည် လူအများကြားတွင် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်သည်။ သူ့ကို ထိကိုင်သိမြင်နိုင်သည်၊ လူသည် သူ၏စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်တည်ခြင်းကို ထိတွေ့နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် လူသည် သူ့ကို အမှန်တကယ် သိလာနိုင်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ
ကယ်တင်ခြင်းခံရမည့် သူများအားလုံးအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် ဇာတိခန္ဓာထက် သာ၍ သေးငယ်သည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာတို့ အားလုံးအပေါ်၌ လွှမ်းခြုံနိုင်သော်လည်း ဇာတိခန္ဓာ၏ အမှုသည် သူနှင့် ထိတွေ့မှုရှိသော သူအားလုံးအတွက် ပို၍ထိရောက်စွာ ပတ်သက်အကျုံးဝင်လေသည်။ ထို့အပြင် ထိတွေ့နိုင်သော ပုံသဏ္ဌာန်ရှိသည့် ဘုရားသခင်၏ ဇာတိခန္ဓာကို လူသားအနေဖြင့် ပို၍နားလည်ကာ ပို၍ယုံကြည်နိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို ပို၍နက်ရှိုင်းစေနိုင်ကာ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်အမှန်များနှင့်ပတ်သက်၍ ပို၍လေးနက်သော ထင်မြင်ချက်များကို လူသားတို့ထံတွင် ချန်ထားခဲ့နိုင်ပါသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ဖုံးကွယ်နေပြီး၊ သေမျိုးဖြစ်သည့် လူသားတို့အတွက် နားလည်ရန်ခက်ခဲလှကာ၊ တွေ့မြင်နိုင်ရန် ပို၍ပင်ခက်ခဲသဖြင့် သူတို့သည် အနှစ်သာရမဲ့သော ထင်မြင်ချက်များအပေါ်တွင် မှီခိုခြင်းသာ ပြုနိုင်သည်။ သို့ရာတွင် ဇာတိခန္ဓာ၏ အမှုသည် သာမန်ဖြစ်ပြီး၊ အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာရှိသည်၊ ထို့ပြင် လူသား၏ ခန္ဓာမျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အချက်အလက်တစ်ခုဖြစ်သည်၊ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ကာ များပြားလှသော သူ၏စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်တော့ပေ။ ဤသည်မှာ ဇာတိခန္ဓာရှိသည့် ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုးဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့မမြင်နိုင်သော အရာများကိုသာ လုပ်နိုင်ပြီး လူတို့တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာ- ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဝိညာဉ်တော်၏ လှုပ်ရှားခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းတို့ကိုသာ ပြုနိုင်သည်၊ သို့ရာတွင် စိတ်နှလုံးရှိသော လူသားတို့အတွက် ဤအရာတို့မှာ ရှင်းလင်းသော အဓိပ္ပာယ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးအပ်ပြီး နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက်တစ်ခုကို မပေးအပ်နိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုမှာမူ အလွန်ပင်ကွာခြားသည်။ ထိုအမှု၌ နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းညွှန်မှုရှိပြီး၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ပန်းတိုင်တို့ရှိသည်။ သို့ဖြစ်၍ လူတို့သည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် သူတို့အတွေးအထင်များကို အသုံးပြုစရာ မလိုတော့ပေ။ ဤသည်မှာ ဇာတိခန္ဓာနှင့်ဆိုင်သည့်အမှု၏ ကြည်လင်ပြတ်သားမှုဖြစ်ပြီး ထိုအမှုနှင့် ဝိညာဉ်တော်၏ အမှုတို့ ကြီးမားစွာကွာခြားမှုဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွက်သာ သင့်လျော်ပြီး၊ ဇာတိခန္ဓာ၏အမှုကို အစားမထိုးနိုင်ပေ။ ဇာတိခန္ဓာ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို ပို၍တိကျပြီး လိုအပ်သော ပန်းတိုင်များ၊ ပို၍စစ်မှန်တန်ဖိုးရှိသော အသိပညာများပေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့်အမှုမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းညွှန်မှုတို့သည်သာလျှင် လူသား၏အကြိုက်များနှင့် သင့်လျော်ပြီး၊ စစ်မှန်သောအမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်အားဖြင့်သာလျှင် ရရှိနိုင်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲအနှစ်သာရဖြစ်သော်လည်း ဤသို့သောအမှုကို သူ၏ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်းသာ အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ရှင်းလင်းသော အမှန်တရားဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ
သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းမှုကို တောင့်တသောသူအားလုံးအတွက် ဝိညာဉ်တော်၏အမှုသည် စိတ်ထိတွေ့မှု သို့မဟုတ် ဖွင့်ပြချက်နှင့် ရှင်းမပြနိုင်သော၊ တွေးထင်မထားနိုင်သော အံ့သြဖွယ်ခံစားချက်နှင့် ကြီးမြတ်သော၊ မြင့်မြတ်သော၊ နှစ်လိုဖွယ်ကောင်းသော ခံစားချက်တို့ကိုသာ ထောက်ပံ့ပေးနိုင်သည်၊ သို့သော်လည်း ထိုအရာသည် အားလုံးအတွက် ရယူရန်မဖြစ်နိုင်၊ မရရှိနိုင်သောအရာလည်း ဖြစ်သည်။ လူသားနှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခု ရှိဘိသည့်အလား တစ်ဦးနှင့်တစ်ဦး အဝေးမှသာ ကြည့်နိုင်ကြပြီး၊ မမြင်ရသော အပိုင်းအခြားတစ်ခုက ခွဲခြားထားသည့်နှယ် သူတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင်မူ ယင်းသည် ဝိညာဉ်တော်က လူသားကိုပေးထားသော အထင်မှားစေသည့်အရာ တစ်ခုဖြစ်သည်၊ အကြောင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သောကြောင့်ဖြစ်ပြီး၊ ဝိညာဉ်တော်နှင့် လူသားသည် တူညီသော လောကကြီးထဲတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်နိုင်မည် မဟုတ်သောကြောင့်ဖြစ်ကာ၊ ဝိညာဉ်တော်၌ လူနှင့်ဆိုင်သောအရာ ဘာမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားထံတွင် ဝိညာဉ်တော်လိုအပ်ချက် မရှိပေ၊ အကြောင်းမှာ ဝိညာဉ်တော်သည် လူသားတို့က အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက်မဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။ ဇာတိခန္ဓာ၏အမှုသည် လူသားတို့ကို လိုက်လျှောက်ရမည့် စစ်မှန်သော ရည်ရွယ်ချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသောခံစားမှု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသောခံစားမှု စသည်တို့ကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နိုင်သော်လည်း လူအများစုအတွက် သူသည် နားလည်ဆက်စပ်နိုင်ရန် လွယ်ကူသည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မြင်တွေ့နိုင်သည်၊ သူ၏အသံကိုကြားနိုင်ပြီး သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤဇာတိခန္ဓာသည် လူသားတို့နှင့် တူညီသော ကမ္ဘာလောကကြီးထဲတွင် ရှိနေသဖြင့် ဤဇာတိခန္ဓာသည် လူသားတို့အတွက် ချဉ်းကပ်နိုင်သည်ဟု ခံစားရပြီး၊ ဝေးကွာခြင်း၊ နားမလည်နိုင်ခြင်းမရှိဘဲ၊ မြင်နိုင် ထိတွေ့နိုင်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ
ဘုရားသခင် လူ့ဇာတိ မဖြစ်ခင်က သူပြောသောအရာအများအပြားက လုံးဝခပ်သိမ်း ဘုရား၏သဘောသဘာဝမှ လာသောအတွက်ကြောင့် ၎င်းတို့ကို လူတို့ နားမလည်ခဲ့ကြချေ။ သူ့ပြောစကား၏ ရှုထောင့်နှင့် ဆက်စပ်စဉ်းစားရမည့်အကြောင်းအရာတို့က လူသားမျိုးနွယ်အတွက် မမြင်နိုင်၊ လက်လှမ်းမမီနိုင်ချေ၊ ထိုအရာတို့ကို လူတို့မမြင်နိုင်သော ဝိညာဉ်လောကမှ ဖော်ပြခဲ့ခြင်းဖြစ်သည်။ ဇာတိပကတိ၌နေထိုင်ခဲ့သော လူတို့အတွက် ဝိညာဉ်လောကကို ဖြတ်သန်းမသွားနိုင်ခဲ့ချေ။ သို့သော်လည်း ဘုရားသခင်က လူ့ဇာတိဖြစ်လာပြီးနောက်တွင် သူသည် လူသားမျိုးနွယ်ကို လူ့သဘာ၀၏ ရှုထောင့်မှ စကားပြောခဲ့ပြီး ဝိညာဉ်လောက၏ နယ်ပယ်မှ သူထွက်လာပြီး ၎င်းကို ကျော်လွန်သွားခဲ့သည်။ သူသည် လူသားမျိုးနွယ်က ဘုရားသခင်ကို သိပြီးနားလည်ရန်၊ သူတို့၏ တတ်နိုင်စွမ်းရှိသော အတိုင်းအတာအတွင်းမှ သူ၏ရည်ရွယ်ချက်နှင့် သူလိုအပ်သော စံသတ်မှတ်ချက်တို့ကို သူတို့တတ်နိုင်သောအဆင့်အထိ နားလည်သဘောပေါက်ရန်၊ လူသားတို့လက်ခံနိုင်သော နည်းလမ်းတို့ကို အသုံးပြုရင်း လူသားတို့ စိတ်ကူးထင်မြင်၍ရသောအရာများ၊ သူတို့မြင်ခဲ့သောအရာများ၊ သူတို့ဘဝ၌ ကြုံတွေ့ခဲ့ရသောအရာများ၊ သူတို့နားလည်နိုင်သော ဘာသာစကားတစ်ခုနှင့်၊ သူတို့နားလည်နိုင်သော အသိပညာတို့မှတစ်ဆင့် သူ၏ ဘုရားသခင်စိတ်သဘောထား၊ အလိုတော်နှင့် သဘောထားတို့ကို သူဖော်ပြနိုင်ခဲ့သည်။ ၎င်းသည် ဘုရားသခင်၏ လူ့သဘာဝထဲက အလုပ်၏ နည်းလမ်းနှင့် အခြေခံစည်းမျဉ်းတို့ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းတို့နှင့် လူ့ဇာတိ၌ သူ၏အလုပ်လုပ်ပုံ သဘောတရားတို့သည် လူ့သဘာဝအားဖြင့် သို့မဟုတ် လူ့သဘာဝမှတစ်ဆင့် အများစုရရှိသော်လည်း ဘုရား၏သဘောသဘာဝနှင့် တိုက်ရိုက်လုပ်ဆောင်ခြင်းအားဖြင့် မရရှိနိုင်သော ရလဒ်တို့ကို အမှန်တကယ် ရရှိခဲ့သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)” မှ
ယခုအခါ လူသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်မှာ အမှန်တကယ် အလွန်ထူးခြားသည်ကို မြင်သည်၊ ထို့ပြင် ထိုအထဲ၌ လူသားမရရှိနိုင်သောအရာ အများအပြား ရှိသည်။ ယင်းတို့မှာ နက်နဲရာအချက်များနှင့် အံ့သြဖွယ်ရာများ ဖြစ်သည်။ သို့ဖြစ်ရာ လူများစွာတို့သည် နာခံခဲ့ကြပြီးဖြစ်သည်။ အချို့သောသူများသည် သူတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ မနာခံခဲ့ဖူးသော်လည်း၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့မြင်သည့် အချိန်တွင်မူ သူတို့ထိုသို့ပြုမူသည်ကို သတိမမူမိဘဲ သူတို့သည် အပြည့်အဝ နာခံကြသည်၊ ထို့ပြင် သူတို့သည် လေ့လာဆန်းစစ်ရန်သော်လည်းကောင်း၊ သို့မဟုတ် တစ်စုံတစ်ရာပြောရန်သော်လည်းကောင်း မစွန့်စားကြပေ။ လူသားတို့သည် နှုတ်ကပတ်တော်အောက်သို့ ကျရောက်လျက်ရှိပြီး နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအောက်တွင် ဝမ်းလျားမှောက်လျက်သား ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူကို တိုက်ရိုက်စကားပြောဆိုခဲ့မည်ဆိုလျှင် သူတို့အားလုံးသည် အသံကို နာခံကြလိမ့်မည်၊ ဖွင့်ပြခြင်း နှုတ်ကပတ်တော်များမပါဘဲနှင့် လဲကျကြလိမ့်မည်၊ ဒမာသက်မြို့သို့ သွားရာလမ်းတွင် ရှင်ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အလုပ်ဆက်လုပ်ခဲ့မည်ဆိုပါက လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိနိုင်လိမ့်မည် မဟုတ်ဘဲ ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏နှုတ်ကပတ်တော်များကို လူအယောက်ချင်းစီတိုင်း၏ နားများဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်သည်၊ ထိုသို့အားဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြမည်။ ယင်းသည်သာလျှင် သူ၏နှုတ်ကပတ်တော်အားဖြင့် ရရှိသောရလဒ်ဖြစ်သည်၊ လူသားတို့ နာခံရန်အလို့ငှာ ခြောက်လှန့်ရန် ဝိညာဉ်တော်က ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ယင်းသို့သော လက်တွေ့ကျပြီး ထူးခြားသော လုပ်ငန်းမှတစ်ဆင့်သာလျှင် နှစ်ပေါင်းများစွာတိုင်အောင် အတွင်းတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူ၏စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် လူသည် ယင်းကို အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန်ဖြစ်သည်။ ဤအရာအားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ဖြစ်သည်၊ ထိုအလုပ်ထဲ၌ လက်တွေ့ကျသည့်နည်းဟန်ဖြင့် စကားပြောဆိုပြီး တရားစီရင်ခြင်းကို ဆောင်ရွက်လျက်၊ သူသည် လူအပေါ်တွင် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာကို သိအောင်လုပ်ရန်၊ နှုတ်ကပတ်တော်၏ အလုပ်အားဖြင့် ရရှိလာသော ရလဒ်များကို သိအောင်လုပ်ရန်နှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူပြီး လူတို့ကို နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏အခွင့်အာဏာအား ထင်ရှားစေသည်ကို သိအောင်လုပ်ရန်တို့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် ရိုးရိုးသာမန်လူ့သဘာဝ၏ ပြင်ပသဏ္ဌာန်ဖြစ်သော်လည်း၊ ယင်းမှာ သူသည် အခွင့်အာဏာနှင့် ပြည့်ဝကြောင်း လူသားကိုပြသည့်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် သူ၏နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြချက်ဖြစ်သည် ဆိုခြင်းတို့ကို လူသားအားပြသည့် သူ၏နှုတ်ကပတ်တော်များအားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် သူ့ကို မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုနိုင်ကြောင်းကို လူသားအား သူပြသသည်။ နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်ပေ၊ ထို့ပြင် မည်သည့်အမိုက်မှောင် အင်အားစုကမျှ သူ၏အခွင့်အာဏာကို မလွှမ်းမိုးနိုင်ပေ။ သူသည် လူ့ဇာတိကိုခံယူသော နှုတ်ကပတ်တော်ဖြစ်သောကြောင့်၊ သူ၏အခွင့်အာဏာကြောင့်၊ ထို့ပြင် နှုတ်ကပတ်တော်အားဖြင့် သူ၏တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝဥဿုံ နာခံသည်။ သူခံယူသော ဇာတိခန္ဓာအားဖြင့် ယူဆောင်လာသော အလုပ်သည် သူပိုင်ဆိုင်သော အခွင့်အာဏာဖြစ်သည်။ လူ့ဇာတိကို သူခံယူခဲ့သည့်အကြောင်းရင်းမှာ ဇာတိခန္ဓာသည်လည်း အခွင့်အာဏာကို ပိုင်ဆိုင်နိုင်သောကြောင့်ဖြစ်သည်၊ ထို့ပြင် သူသည် လူသားတို့အကြားတွင် လက်တွေ့ကျသောနည်းဟန်အားဖြင့်၊ လူတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့နိုင်သော နည်းလမ်းအားဖြင့် အလုပ်ကို အကောင်အထည် ဖော်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ဤအလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် တိုက်ရိုက်လုပ်ဆောင်သော အလုပ်ထက် ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမျှ ဆုပ်ကိုင်ထားခြင်းမရှိဘဲ လူ့အနေဖြင့် ချည်းကပ်နိုင်သည်၊ သို့သော်လည်း သူ၏အနှစ်သာရကမူ အခွင့်အာဏာကို သယ်ဆောင်ထားသည်၊ သို့သော် သူ၏အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြောသောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ့အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ယင်းအချက်က လက်တွေ့ကျသော သဘာဝရှိသည့်အလုပ်ကို လုပ်ဆောင်ရာ၌ သူ့အတွက် လွယ်ကူချောမောစေသည်။ ထို့ပြင် လက်တွေ့ကျသော ယင်းအလုပ်အားလုံးသည် ရလဒ်များ ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ဆုပ်ကိုင်ထားသည်ကို မည်သူကမျှ မသိသော်လည်း၊ သို့မဟုတ် သူကို ပုန်ကန်ပြစ်မှား၍ မရနိုင်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူ၏ဖုံးကွယ်ထားသော အခွင့်အာဏာ၊ သူ၏ဖုံးကွယ်ထားသော အမျက်ဒေါသနှင့် လူအများရှေ့တွင် သူပြောကြားသော နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ့နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသော ရလဒ်များကို ရရှိသည်။ တစ်နည်းဆိုရလျှင် သူ၏အသံနေအသံထားမှတစ်ဆင့်၊ သူ့ဟောပြောချက်၏ လေးနက်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာအလုံးစုံမှတစ်ဆင့် လူသည် လုံးဝဥဿုံ ယုံကြည်လက်ခံသည်။ ဤနည်းအားဖြင့် လူသည် အခွင့်အာဏာ ရှိပုံမရသော လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံ၏၊ ထိုသို့အားဖြင့် ဘုရားသခင်၏ ရည်မှန်းချက်ဖြစ်သော လူသားကို ကယ်တင်ခြင်းမှာ ပြည့်စုံသွားသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းဆိုင်ရာ အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်၊ ယင်းမှာ သာ၍လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့သဘောကို လူသားအပေါ်သို့ သက်ရောက်မှုရှိစေရန် ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တန်ခိုးကို လူတို့မျက်မြင်တွေ့ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို လူ့ဇာတိခံယူခြင်းမှတစ်ဆင့် မပြုလုပ်ခဲ့ပါက ရလဒ်အနည်းဆုံးကိုပင် ရမည်မဟုတ်ဘဲ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ
အကြောင်းမှာ တရားစီရင်ခြင်းကိုခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက်တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည်မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်ခြင်းဖြစ်သည်။ လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်းရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အလုံးစုံကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲပေမည်၊ အကြောင်းမှာ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်နေသဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ပင် မရနိုင်သဖြင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှုဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသောသူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများမှတစ်ဆင့်လည်း လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသား၌ ဝိညာဉ်တော်နှင့်ပတ်သက်၍ အယူအဆများ လုံးဝမရှိသောကြောင့်ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ၊ ထိုသို့သော မဖြောင့်မတ်မှုကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိပေ၊ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားသည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဥ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့်ဆိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက်စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သူသိလာသည်၊ ဘုရားသခင်ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏သိမ်းပိုက်ခြင်းခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လူသားအနေဖြင့် လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်သွင်ပြင်လက္ခဏာအားဖြင့် ဘုရားသခင်လုပ်ဆောင်ခြင်းမဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ
ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များနှင့် တိုက်တွန်းနှိုးဆော်မှုများ၊ သူ့နောက်သို့လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျမှန်ကန်သောအလိုတော် စသည်တို့ကို ဘုရားသခင်အနေဖြင့် ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ၏နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ၏အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျမှန်ကန်စွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့် အချက်တို့ကို စစ်မှန်စွာ အထမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို စွန့်ခွာသွားသည့်အခါမှသာ လူ့ဇာတိခံယူသော ဘုရားသခင်သည် ခေတ်ကိုအဆုံးသတ်ကာ မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်ထဲသို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ စစ်မှန်ပြီး သာမန်ဖြစ်သော၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သော၊ စီမံခန့်ခွဲမှုအစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပန်းတိုင်ကို ပြသသော၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်ပေးသော၊ နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဘုရားသခင်တစ်ပါးကို လူသားမျိုးနွယ်အား သူထုတ်ဖော်ပြသည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ်တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုဆိုင်ရာ ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိခန္ဓာနှင့် အမှုဆောင်သောအခါ သူ၏နောက်လိုက်များသည် မရေရာသော၊ ဒွိဟဖြစ်စေသော အရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို မပြုကြတော့ပေ၊ ထို့ပြင် မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ကြသည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးထံသို့ လက်ဆင့်ကမ်းပေးကြလိမ့်မည်၊ ထို့ပြင် သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို လက်ခံရရှိသော သူတို့က ကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားက ကိုယ်တိုင်တွေ့မြင်ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များသည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများလည်းဖြစ်သည်။ ဤအချက်များမရှိပါက သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ ပျံ့နှံ့လိမ့်မည် မဟုတ်ပေ၊ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ လူသားအတွက် ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ၊ ထို့ပြင် ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ၊ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက်ချန်ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်းယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ တွေ့ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ၊ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသားသည် တူအောင်မတုနိုင်ပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး၊ လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ လူ့ဇာတိမခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” မှ