Unicode:
(စောင့်လို့နေ) ဇာတ်လမ်းတို- ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်သောသူသာလျှင်ကောင်းကင်နိုင်ငံတော် ကိုဝင်ရမည်
ဘယ်လိုလူမျိုးတွေဟာ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခြင်း ခံရမှာလဲ။ သခင်ယေရှုက ပြောခဲ့ပါတယ် “ သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” (ရှင်မဿဲ ၇:၂၁) ဒါပေမဲ့ လူတချို့ကတော့၊ ကောင်းကင်ဘုံက အဖရဲ့အလိုကိုဆောင်ခြင်းဆိုတာ သခင့်နာမတော်ကို သစ္စာရှိခြင်းဖြစ်တယ်၊ ကိုယ်တော့်အတွက် ကြိုးစားအမှုတော်ထမ်းခြင်းဖြစ်တယ်၊ ကားတိုင်ကိုထမ်းပြီး ဆင်းရဲဒုက္ခခံခြင်းဖြစ်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီအတိုင်းနေထိုင်တယ်ဆိုရင်၊ သခင့်ရဲ့ဒုတိယအကြိမ်ကြွလာခြင်းမှာ ကောင်းကင်နိုင်ငံတော်ဆီ ချီဆောင်ခံရဖို့အတွက် စောင့်ကြည့် စောင့်မျှော်ဖို့ပဲလိုတယ်လို့ ယုံကြည်ကြတယ်။ ဒီအယူအဆတွေဟာ သခင့်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီရဲ့လား။ ဒီဗီဒီယိုက သင့်ကို သိစေပါလိမ့်မယ်။

သက်ဆိုင်သည့် အကြောင်းအရာ- Myanmar New Movie (စောင့်လို့နေ) သခင့်ကို ကြိုဆိုရန် ကျွန်ုပ်တို့ မည်သို့ နိုးနိုးကြားကြား စောင့်ဆိုင်းသင့်ပါသနည်း
https://www.thelordjesuschristsreturn.org/waiting.html
🎬•┈┈┈┈•🎬•┈┈┈┈•🎬•
Zawgyi:

https://reurl.cc/qDR6Ey

76885574_507784556511686_1354225324690243584_n.jpg



ရန်ဟိုအန်း သည် တရုတ်နိုင်ငံရှိ နေအိမ်အခြေစိုက် အသင်းတော်တစ်ပါးမှ သင်းအုပ်ဆရာတစ်ဦး ဖြစ်ပါသည်။ သူသည် သခင်ယေရှု မိုးတိမ်ပေါ်မှ ဆင်းကြွလာကာ သူ့အား ကောင်းကင်နိုင်ငံတော်သို့ ခေါ်ဆောင်သွားရန် နိုးကြားစွာ စောင့်ဆိုင်းနေခဲ့ပါသည်။ ဤအတွက် သူသည် သခင်အတွက် လုံ့လဝီရိယဖြင့် အမှုတော်ဆောင်ခဲ့သည်၊ သခင်၏ နာမတော်ကို မြဲမြံစွာ စွဲကိုင်ခဲ့ပြီး မိုးတိမ်ပေါ်မှ ဆင်းသက်လာသည့် သခင်ယေရှု မဟုတ်သည့် မည်သူမဆိုသည် ခရစ်တော် အတုအယောင် ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထိုအတွက်ကြောင့် သခင် ဒုတိယအကြိမ် ကြွလာခြင်း သတင်းကို သူ ကြားသောအခါ ထိုအကြောင်းကို စုံစမ်းလေ့လာရန် သူ ငြင်းဆန်ခဲ့သည် … ။ မတုန်မလှုပ်ဘဲ သူ စောင့်ဆိုင်းနေစဉ်တွင် သူ၏ ဝမ်းကွဲဖြစ်သူ လီကျားရင် က သူ့အား သခင်ယေရှု၏ တဖန်ပြန်ကြွလာခြင်းနှင့်ဆိုင်သော ဧဝံဂလိတရားကို ဝေငှ ခဲ့ပါသည်။ အကြိတ်အနယ် ဆွေးနွေးပြီးနောက် ရန်ဟိုအန်း သည် “စောင့်ကြည့်ပြီး စောင့်ဆိုင်းပါ” ဟူသော အဓိပ္ပါယ်အမှန်ကို နောက်ဆုံးတွင် နားလည်ခဲ့ပြီး သူ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သော တဖန်ပြန်ကြွလာမည့် သခင်ယေရှုမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဖြစ်ကြောင်း သိမြင်နိုင်ခဲ့သည်။

ပိုမိုကြည့်ရှုရန်

 

အပေါ်နောက်တစ်ခုအလိုအလျောက်ပြသရန်
 

 

 

 


שיר סגידה והלל 'למזלנו אנו עדים לבואו של אלוהים' | האוהבים את אלוהים הם הברוכים ביותר
I
למזלנו אנו עדים לבואו של אלוהים,
אנו שומעים את קולו.
למזלנו אנו עדים לבואו של אלוהים,
אנו משתתפים במשתה השה.
אנו מכירים את האל הכול יכול בהתגלמותו.
אנו רואים את מעשיו הפלאיים.
אנו מבינים את תעלומת חיי האדם,
דברי האל הכול יכול הם היקרים ביותר.
אנו אוכלים ושותים את דברי האל,
ואנו חיים במחיצתו.
איננו מחפשים עוד אנה ואנה.
ככל שאנו חווים את משפטו של האל,
אנו מיטהרים – גם אם אנו סובלים.
אנו זוכים באמת ובדרך חיי הנצח.
כשנשאף לאהוב את אלוהים, לעולם לא נחוש חרטה.
II
החיים האלה כל כך מבורכים –
אנו הופכים לאנשים שאוהבים את אלוהים.
החיים האלה כל כך מבורכים,
אלוהים משבח אותנו.
אנו יכולים למלא את חובתנו ולהעיד למען אלוהים.
זה כל כך משמעותי לעסוק בחיפוש האמת.
מי יכול להיות יותר בר-מזל?
מי יכול להיות מבורך יותר?
אלוהים מעניק לנו את האמת והחיים,
עלינו לחיות למען אלוהים.
עלינו לחיות למען אלוהים.
עלינו לחיות למען אלוהים.
אנו משיגים את האמת ואנו נעיד למען אלוהים
כדי לגמול לו על אהבתו.
מי יכול להיות יותר בר-מזל?
מי יכול להיות מבורך יותר?
אלוהים מעניק לנו את האמת והחיים,
עלינו לחיות למען אלוהים.
עלינו לחיות למען אלוהים.
עלינו לחיות למען אלוהים.
אנו משיגים את האמת ואנו נעיד למען אלוהים
כדי לגמול לו על אהבתו.
עלינו לחיות למען אלוהים.
עלינו לחיות למען אלוהים.
אנו משיגים את האמת ואנו נעיד למען אלוהים
כדי לגמול לו על אהבתו.
אנו משיגים את האמת ואנו נעיד למען אלוהים
כדי לגמול לו על אהבתו.

מתוך 'עקבו אחר השה ושירו שירים חדשים'
https://reurl.cc/8la8LM

71281586_1781122568690524_5560940891117453312_n.jpg

 

 

 

ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တ
ချင်းချင်း၊ မလေးရှားနိုင်ငံ
၂၀၁၈ ခုနှစ် မတ်လအစောပိုင်းတွင်၊ အစ်မလျူက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်အကြောင်း ကျွန်မကို သက်သေခံခဲ့ပြီး၊ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်၊ ဘုရားနာမတော်၏ အဓိပ္ပါယ် နှင့် သမ္မာကျမ်းစာ၏ နက်နဲမှုများကဲ့သို့သော သမ္မာတရား၏ ရှုထောင့်အမျိုးမျိုးနှင့် ပတ်သက်၍ ကျွန်မကို မိတ်သဟာယပြုပေးခဲ့ပါသည်။ သခင့်ကို ကျွန်မ ယုံကြည်သူ ဖြစ်လာခဲ့သည်မှာ အနှစ် ၃၀ ကျော်ခဲ့ပြီဖြစ်ပြီး ထိုသို့ကောင်းစွာ ကျွန်မ လုံးဝ မကြားဖူးခဲ့ပါ။ အစည်းအဝေးကို ဆက်လက်တက်ရောက်ပြီး မိတ်သဟာယပြုခြင်းအားဖြင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ပြန်ကြွလာသည့် ခရစ်တော်ဖြစ်ကြောင်း ကျွန်မ တဖြည်းဖြည်း သေချာလာခဲ့ပြီး သခင်ယေရှု ပြန်ကြွလာသည့် ဝမ်းမြောက်ဖွယ် သတင်းကို ကျွန်မ ခင်ပွန်း နှင့် သားတို့ကို ပြောပြရန် စိတ်အားထက်သန်ခဲ့သည်။ သို့သော်၊ မမျှော်လင့်ဘဲ ကျွန်မ လေ့လာဆန်းစစ်နေခဲ့သည့် အမှန်တရားအကြောင်းကို ကျွန်မတို့အသင်းတော်က သင်းအုပ်ဆရာနှင့် အကြီးအကဲတို့ကို သူတို့ ပြောပြခဲ့သည်။ ဤသို့ဖြင့် လက်နက်မဲ့ စစ်ပွဲတစ်ခု စတင်ခဲ့သ
တစ်ရက် ညစာစားပြီးချိန်တွင်၊ သင်းအုပ်ဆရာ၊ သူ၏ ဇနီး၊ အသင်းတော်ခေါင်းဆောင် နှင့် သင်းထောက်တစ်ဦးတို့ အတူတကွ ကျွန်မအိမ်သို့ လာကြလေသည်။ သင်းအုပ်ဆရာက ကျွန်မကို၊ “အရှေ့အရပ်မှ လျှပ်ပြက်ခြင်းက လူတွေနဲ့ အွန်လိုင်းမှာ အစည်းအဝေး တက်နေတယ်လို့ ကြားတယ်။ ခင်ဗျားတို့ရဲ့ အစည်းအဝေးမှာ ဘာအကြောင်း ဆွေးနွေးကြလဲ” ဟု ဆိုသည်။ ကျွန်မက၊ “အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ ဖတ်ကြတယ်၊ ပြီးတော့ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေက ကျမ်းစာရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြပြီး စာစောင်ငယ်လေးတစ်ခုကို ဖွင့်ပြတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှုပဲ”၊ ဟု ပြန်ပြောခဲ့သည်။ သင်းအုပ်ဆရာမှာ စိတ်ဆိုးသွားပုံရပြီး၊ “မဖြစ်နိုင်တာဗျာ၊ ဘုရားသခင်က သုံးပါးတစ်ဆူ ဘုရားပဲ၊ ဒါပေမယ့် သူတို့က သုံးပါးတစ်ဆူ ဘုရားသခင်ကို မယုံကြဘူးလေ၊ ဒီတော့ ဘယ်လိုဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်နိုင်မှာလဲ၊ အဲဒါကို နောက်ထပ် မယုံနဲ့တော့” ဟု ပြောလေသည်။ ထို့နောက် သင်းအုပ်ဆရာက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း မုသားအချို့နှင့် ရှုတ်ချသည့် မှတ်ချက်များကို ပြောခဲ့ပြီး သူမပြန်ခင်တွင် သူက၊ “အရှေ့ရပ်မှ လျှပ်ပြက်ခြင်းက လူတွေနဲ့ နောက်ထပ် ဘာမှမပတ်သက်နဲ့တော့။ ကျွန်တော်တို့ ခင်ဗျားကောင်းဖို့အတွက် ဒါကို ပြောနေတာ။ ဒါက အရှေ့ရပ်မှ လျှပ်ပြက်ခြင်းကို ကျွန်တော်တို့ ဆန့်ကျင်မှုအကြောင်း လက်ကမ်းစာစောင်ပဲ။ ခင်ဗျား ဖတ်ကြည့်တာ အကောင်းဆုံးပဲ” ဟု ဆိုခဲ့သည်။ ဤအရာကို သူပြောနေစဉ် လက်ကမ်းစာစောင်ကို ကျွန်မဆီ အတင်းထိုးထည့်ပြီးနောက် ထွက်သွားကြလေသည်  https://reurl.cc/1QVEjQ
လက်ကမ်းစာစောင်ငယ်လေးကို ဖမ်းဆုပ်ထားရင်း ဆိုဖာပေါ် ကျွန်မ ထိုင်ကာ သင်းအုပ်ဆရာနှင့် အကြီးအကဲတို့ ပြောခဲ့သည့်အရာကို စဉ်းစားနေမိသည်။ ဘုရားသခင်က သုံးပါးတစ်ဆူ ဘုရားဖြစ်သည်ကို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က အသိအမှတ်မပြုဟု သင်းအုပ်ဆရာက ဆိုခဲ့သည်- ထိုအရာအားလုံးမှာ မည်သည့်အရာများ ဖြစ်ပါသနည်း။ သို့သော်၊ ထို့နောက် အစ်မ လျူနှင့် အွန်လိုင်းတွင် အစည်းအဝေး တက်ခဲ့ရသည့် နှစ်လနီးပါးအချိန်ကို ကျွန်မ ပြန်စဉ်းစားမိခဲ့သည်၊ ယခင်က ကျွန်မ လုံးဝ နားမလည်ခဲ့သည့် ကျမ်းစာအကြောင်း နက်နဲမှုများစွာကို ကျွန်မ နားလည်ခဲ့ရပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်အကြောင်းကို များစွာ သဘောပေါက်ခဲ့ရပါသည်။ ကျွန်မ ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြမှုတို့ကို ရှိခဲ့သည်ဟု ကျွန်မ ခံစားရပြီး ဘုရားသခင်နှင့် ကျွန်မ၏ ဆက်နွယ်မှုက အလွန် နီးကပ်ခဲ့သည့်အရာတစ်ခုဟု ကျွန်မ ခံစားရသည်။ ကျွန်မ ကွဲပြားဆန့်ကျင်မှုကို ခံစားရသည်။ လက်ကမ်းစာစောင်ကို ကျွန်မ ပစ်လိုက်ပြီး ချက်ချင်း ကျွန်မ ဆုတောင်းခဲ့ပါသည်- “အို ဘုရားရှင်၊ ကျွန်မကို လမ်းပြပြီး သိမြင်မှုကို ပေးတော်မူပါ။” ထို့နောက် သခင်ယေရှု၏ စကားများကို ကျွန်မ တွေးမိခဲ့ပါသည်၊ “တောင်းကြလော့၊ တောင်းလျှင်ရမည်။ ရှာကြလော့၊ ရှာလျှင်တွေ့မည်။ တခါးကို ခေါက်ကြလော့၊ ခေါက်လျှင် ဖွင့်မည်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇:၇) သခင်ယေရှုက ရှာဖွေဖို့ရန် ကျွန်မတို့ကို ပဏာမခြေလှမ်းလှမ်းခိုင်းပါသည်၊ ထို့ကြောင့် ကျွန်မအနေဖြင့် ရှာဖွေသူတစ်ဦး၏ နှလုံးသားရှိရမည်ဖြစ်ပြီး ဘာဖြစ်နေသည်ကို အစ်မလျူအား မေးရမည်ဟု ကျွန်မ ဆုံးဖြတ်ခဲ့သည်
တစ်နေ့၊ ကျွန်မ အွန်လိုင်းတက်သည့်အခိုက်တွင်၊ အစ်မလျူကို ကျွန်မက၊ “ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်- ‘ယေရှုသည် ဗတ္တိဇံကို ခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကိုမြင်ရ၍၊ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၃:၁၆-၁၇) ပြီးတော့ သခင်ယေရှုက ဂေသရှေမန်ဥယျာဉ်ထဲမှာ ရှိတဲ့အချိန်မှာ၊ ‘အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော်’ (ရှင်မဿဲခရစ်ဝင်ကျမ်း ၂၆:၃၉) လို့ ပြောရင်း ဆုတောင်းခဲ့တယ်။ သခင်ယေရှုက ကောင်းကင်က ဘုရားသခင်ကို ‘အဘ’ လို့ ခေါ်ခဲ့ပြီး၊ ကောင်းကင်က ဘုရားသခင်ကလည်း သခင်ယေရှုကို သူ့ရဲ့ ချစ်သားလို့ ခေါ်ခဲ့တယ်လေ။ ဖခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်တွေက အတူတူ သုံးပါးတစ်ဆူကို ပုံဖော်တယ်လို့ ကျွန်မတို့ အမြဲ ယုံခဲ့ကြတယ်။ ဒါပေမယ့်၊ ကျွန်မရဲ့ သင်းအုပ်ဆရာက သုံးပါးတစ်ဆူ ဘုရားသခင်ရဲ့ တည်ရှိမှုကို အစ်မတို့ မယုံကြဘူးလို့ ပြောတယ်။ ဒါတွေအားလုံးရဲ့ အမှန်တရားက အတိအကျ ဘာလဲ” ဟု အလောတကြီး မေးခဲ့ပါသည်။
အစ်မလျူက နွေးထွေးစွာဖြင့် ကျွန်မကို၊ “ညီမလေး၊ ‘သုံးပါးတစ်ဆူ’ ဆိုတဲ့ အပြောက အေဒီ ၃၀၀ နှစ်တွေမှာ နိုင်စီးရားကောင်စီက တည်ထောင်ခဲ့တာပါ။ အဲဒီတုန်းက၊ နိုင်ငံအမျိုးမျိုးက ဘာသာရေးပညာရှင်တွေဟာ ဘုရားသခင်ရဲ့ စည်းလုံးခြင်းနဲ့ အများဖြစ်ခြင်းတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဆွေးနွေးငြင်းခုံခဲ့ကြတယ်။ နောက်ဆုံးတော့၊ လူ့ရဲ့ စိတ်ကူးနဲ့ ဆင်ခြင်တွေးခေါ်မှုအရ၊ ‘သုံးပါးတစ်ဆူ’ ဆိုတဲ့ ပြောစကားက ဖြစ်တည်လာခဲ့တာပါ။ အဲဒီအချိန်ကစပြီး ကောင်းကင်နဲ့ မြေကြီးထဲက အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ တစ်ပါးတည်းသော စစ်မှန်တဲ့ ဘုရားသခင်ဟာ သုံးပါးတစ်ဆူ ဘုရားသခင်ဖြစ်တယ်လို့ လူတွေ ဆုံးဖြတ်လိုက်ကြပြီး ဒီနေ့ထိ ဒါကို လက်ဆင့်ကမ်းလာခဲ့ကြတာပဲ။ ဒါတောင် ဒီကိစ္စကို နှစ်တစ်ထောင်ကျော်ကြာ ဘယ်သူမှ မရှင်းပြနိုင်ခဲ့ကြဘူး။ ဒါပေမယ့်၊ ဒီနေ့ အနန္တတန်ခိုးရှင် ဘုရားသခင်က ဒီနက်နဲမှုကို ငါတို့ဆီ ဖွင့်ပြလိုက်ပြီ၊ ဒါကြောင့် ဘုရားနှုတ်ကပတ်တော်တွေက အဲဒီအကြောင်း ဘာပြောလဲ ဖတ်ကြည့်တာ ပိုကောင်းမှာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က မိန့်တော်မူတယ်၊ ‘”ဘုရားသခင်သည် ယေရှုကို သူ၏ချစ်သားဟုပင် ပွင့်လင်းစွာ ပြောခဲ့သည်မဟုတ်လော” ဟု ဆိုကြသော ထိုသူအချို့ ရှိကြသေးသည်။ “ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း” ဟူသည်ကိုဘုရားသခင် ကိုယ်တိုင်မှ ပြောခဲ့သည်မှာ သေချာပါသည်။ ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ "ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း" ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။... သူသည် လူ့ဇာတိခံယူခြင်း ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခံရခြင်းဖြစ်ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားရှိ ဆက်နွှယ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့်ပင် ဖြစ်သည်။ ယေရှုသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းခဲ့သည်။ သူသည် ထိုကဲ့သို့သော ပုံမှန်လူသားသဘာဝ၏ ဇာတိပကတိကို ယူတင် ဝတ်ဆင်ထားသည့် အတွက်၊ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ "ငါ၏ အပြင်ပန်းအခွံသည် ဖန်ဆင်းခံ သတ္တဝါ တစ်ဦး၏ အရာသာ ဖြစ်သည်။ ဤမြေကြီးသို့ ကြွဆင်းလာရန် ငါသည် ဇာတိပကတိအား ယူတင်ဝတ်ဆင် သည့်အတွက် ယခုတွင် ငါသည် ကောင်းကင်ဘုံနှင့် အလွန့် အလွန် ဝေးကွာလျက်ရှိ၏" ဟုသူပြောခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ သူသည် ခမည်းတော် ဘုရားသခင်အား ဇာတိပကတိ၏ ရှုထောင့်မှ နေ၍သာ ဆုတောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် သူ၏တာဝန်ပင် ဖြစ်ခဲ့ပြီး၊ ယင်းအား လူ့ဇာတိ ခံယူသော ဘုရားသခင်၏ ဝိညာဉ်တော်မှ ဖြည့်ဆည်းသင့်သည့် အရာလည်း ဖြစ်သည်။ ခမည်းတော်အား သူသည် ဇာတိပကတိ၏ ရှုထောင့်မှနေ၍ ဆုတောင်းသော အကြောင်းကြောင့် သူ့အား ဘုရားသခင် တကယ် မဟုတ်ဟု ပြော၍မရနိုင်ပါ။ သူသည် ဘုရားသခင်၏ ချစ်သားဟု ခေါ်ဆိုခံရသော်လည်း၊ သူသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်နေသေးသည်၊ အကြောင်းမှာ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းသာ ဖြစ်ပြီး၊ သူ၏ အနှစ်သာရသည်လည်း ဝိညာဉ်တော်ပင် ဖြစ်နေသေးသောကြောင့် ဖြစ်သည်။
“ဒါကြောင့် ဘုရားနှုတ်ကပတ်တော်ကနေ ငါတို့ မြင်နိုင်တာက၊ဘုရားရဲ့ ဝိညာဉ်တော်က တစ်ပါးပဲရှိတယ်၊ သုံးပါးမဟုတ်ဘူး ဆိုတာပဲ။ သခင်ယေရှု ဗတ္တဇံ ခံယူခဲ့တဲ့အချိန်မှာ၊ ကောင်းကင်က အသံတစ်ခုက၊ ‘ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သား ပေတည်း’ လို့ ပြောပြီး၊ ဒါဟာ ဘုရားသခင်က သူ့ဝိညာဉ်တော်ရဲ့ ရပ်တည်ချက်ကနေ သူ့ရဲ့ကိုယ်ပိုင် လူ့ဇာတိကို သက်သေခံနေခဲ့တာဖြစ်တယ်။ အလားတူပဲ၊ သခင်ယေရှုက ကောင်းကင်က ဘုရားသခင်ကို ‘ခမည်းတော်’ လို့ ခေါ်ခဲ့ပြီး၊ ဒါဟာ ဘုရားသခင်က သူ့ဝိညာဉ်တော်ကို လူ့ဇာတိရဲ့ ရပ်တည်ချက်ကနေ အမည်တပ်ခေါ်တာပါ။ တကယ်တော့၊ ခမည်းတော်နဲ့ သားတော်ဆိုတဲ့ ပြောဆိုချက်က လူ့ဇာတိခံ ဘုရားသခင်ရဲ့ အသက်တာအတွင်းမှာပဲ သုံးခဲ့တာပါ၊ ဒါကြောင့် လူ့ဇာတိထဲက ဘုရားသခင်ရဲ့ အမှုတော် ပြီးဆုံးပြီး သခင်ယေရှုက ရှင်ပြန်ထမြောက်ခဲ့လို့ ကောင်းကင်ကို တက်ကြွသွားခဲ့တဲ့အချိန်မှာ၊ ခမည်းတော်နဲ့ သားတော် အမည်နာမတွေကို မသုံးတော့ပါဘူး။ အဲဒါက ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့ လူ့ဇာတိခံယူခြင်းကို ငါတို့ နားမလည်တာကြောင့် ဘုရားသခင်ကို အစိတ်အပိုင်းအမျိုးမျိုးခွဲဖို့ ငါတို့ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေပေါ်မှာ ငါတို့ မှီခိုမိကြတာပါ။ ဥပမာအနေနဲ့၊ ဖိလိပ္ပုက သူတို့ကို ခမည်းတော် ပြဖို့ သခင်ယေရှုဆီ တောင်းဆိုခဲ့တဲ့အချိန်မှာ သူ့ရဲ့ ကိုယ်ပိုင် အယူအဆတွေနဲ့ စိတ်ကူးတွေအပေါ် မှီခိုခဲ့တယ်လို့ ကျမ်းစာထဲမှာ ရေးမှတ်ထားတယ်လေ- ‘ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၁၄:၈-၁၀) သခင်ယေရှုရဲ့ စကားတွေကနေ၊ ငါတို့ မြင်နိုင်တာက၊ ခမည်းတော်ဟာ သားတော်ဖြစ်တယ်၊ သားတော်ဟာ ခမည်းတော်ဖြစ်တယ်၊ ခမည်းတော်ဟာ သားတော်ထဲမှာ ရှိပြီး သားတော်က ခမည်းတော်ထဲမှာ ရှိတယ်- ခမည်းတော်နဲ့ သားတော် နှစ်ပါးလုံးက ဝိညာဉ်တော်တစ်ပါးတည်းပဲဖြစ်တယ်ဆိုတာပဲ။”
ဤအရာကို အစ်မလျူက ပြောပြီးနောက်တွင်၊ အလင်းကို ကျွန်မ ရုတ်တရက် မြင်ခဲ့ရပြီး ကျွန်မ စိတ်နှလုံးထဲက သံသယအချို့ ပပျောက်သွားခဲ့သည်။ ထို့ကြောင့်၊ သခင်ယေရှုသည် ကောင်းကင်ဘုံက ဘုရားသခင်ကို “ခမည်းတော်” ဟု ခေါ်ခဲ့ခြင်းမှာ သူသည် လူ့ဇတိ၏ ရပ်တည်ချက်မှ စကားပြောနေခဲ့သောကြောင့် ဖြစ်ပါသည်။ သခင်ယေရှုက၊ “ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်။” (ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) ဟု မိန့်တော်မူခဲ့သည်။ ယင်းက ခမည်းတော်နှင့် သားတော်သည် နှစ်ပါးမဟုတ်ဘဲ တစ်ပါးဖြစ်သည်ကို ပြသပါသည်၊ သို့သော် သခင်ယေရှု ပြောခဲ့သော ဤစကားများ၏ အဓိပ္ပါယ်အစစ်အမှန်ကို ကျွန်မ လုံးဝ နားမလည်ခဲ့ပါ။
အစ်မ လျူက ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော နောက်ထပ် ကျမ်းပိုဒ်ကို ကျွန်မဆီ ပို့ခဲ့ပါသည်၊ “ဘုရားသခင်တွင် ဝိညာဉ်တော်များ မည်မျှရှိနိင်မည်နည်း။ သင်၏ ရှင်းပြချက်အရ ဆိုပါက၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးပေါင်း တစ်ဆူဟုဆိုသည်၊ ဤသို့ဆိုပါက၊ ဝိညာဉ်တော် သုံးပါးရှိပေမည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤအရာသည် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်းမရှိဟု ဆိုလိုနေသည်၊ ဤကဲ့သို့သော ဘုရားသခင်မျိုးသည် အဘယ်နည်းနှင့် ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်နေမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံလျှင် သူ့မှာ အဘယ်နည်းနှင့် သားတော်တစ်ပါး ရှိကာ ခမည်းတော်ဖြစ် နေနိုင်မည်နည်း။ ဤအရာများ အားလုံးသည် သင်၏ အယူအဆများပင် မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်းသာ ရှိသည်၊ ထိုနည်းတူ သမ္မာကျမ်းစာထဲ၌လည်း ‘သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏’ ဟူ၍ ရေးသားထားသည်။ သင်ပြောသည့် ခမည်းတော်ဖြစ်ဖြစ်၊ သားတော်ဖြစ်ဖြစ် တည်ရှိသည်ဖြစ်စေ၊ စင်စစ်မူကား ဘုရားသခင် တစ်ဆူတည်းသာ ရှိ၏၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်၍ လူတို့အကြား နေထိုင်နိုင်ပြီး၊ အရာအားလုံး၏ အထက်၌လည်း ဖြစ်နေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ ပြည့်ဝပြီး နေရာတိုင်းတွင် တစ်ပြိုင်နက် ရှိနေသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာတစ်လျှောက်လုံးတွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးသည် စစ်မှန်သောဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု ပြောကြသည် ဖြစ်၍၊ မည်သူမျှ စိတ်ထင်တိုင်း ပိုင်းစိတ်၍မရသော ဘုရားသခင်တစ်ဆူတည်း ရှိပေမည်။
ထို့နောက် အစ်မ လျူက မိတ်သဟာယပြုပေးပြီး၊ “ဘုရားနှုတ်ကပတ်တော်တွေက ရှင်းပါတယ်- ဘုရားသခင်က ဝိညာဉ်တော်ဖြစ်ပြီး သူက အရာခပ်သိမ်းကို လွှမ်းခြုံတယ်၊ ပြီးတော့ သာမန်လူတစ်ဦးအနေနဲ့ သူ လူ့ဇာတိခံယူနိုင်တယ်။ ဒါပေမယ့်၊ တစ်ချိန်ထဲမှာပဲ၊အရာခပ်သိမ်းကို သူကျော်လွန်ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲပါတယ်- ဘုရားသခင်က အတုမရှိဖြစ်ပါတယ်။ ကျမ်းစာထဲမှာ ပြောထားတဲ့အတိုင်းပါပဲ- ‘နားထောင်ကြ၊ အို ဣသရေလတို့၊ ငါတို့၏ ဘုရားသခင် ယေဟောဝါသည် တစ်ပါးတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။’ (တရားဟောရာကျမ်း ၆:၄) ‘ပညတ်တကာတို့တွင် အမြတ်ဆုံးသောပညတ်ဟူမူကား၊ အိုဣသရေလအမျိုး၊ နားထောင် လော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။’ (ရှင်လုကာခရစ်ဝင် ၁၂:၂၉) ဘုရားသခင်က ဝိညာဉ်တော် ဒါမဟုတ် လူ့ဇာတိခံယူခြင်း ဖြစ်တဲ့အချိန်တိုင်းမှာ၊ အနှစ်သာရအနေနဲ့ ဘုရားသခင် တစ်ပါးတည်းပဲ ရှိပါတယ်။ ဘုရားသခင်က သုံးပါးတစ်ဆူ ဘုရားဖြစ်တယ်လို့ ငါတို့ ပြောရင်၊ ဘုရားရဲ့ဝိညာဉ်တော် တစ်ပါးပဲ ရှိမှာမဟုတ်ပဲ သုံးပါး ရှိနေမှာပေါ့၊ ပြီးတော့ ဒါက ဘုရားရဲ့ နှုတ်ကပတ်တော်တွေနဲ့ ဆန့်ကျင်တယ်လေ။ ဘုရားသခင်က သူဟာ သုံးပါးတစ်ဆူ ဘုရားဖြစ်တယ်လို့ လုံးဝ မပြောခဲ့ပါဘူး- အဲဒီလိုအရာကို ယေဟာဝါက လုံးဝ မပြောခဲ့ဘူး၊ သခင်ယေရှုက အဲဒီလိုအရာတစ်ခုကို လုံးဝ မပြောခဲ့ဘူး၊ ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်က အဲဒီလိုအရာကို လုံးဝ မပြောခဲ့ပါဘူး။ ဒါကြောင့်၊ သုံးပါးတစ်ဆူနဲ့ဆိုင်တဲ့ အယူအဆက လူ့ရဲ့ အယူအဆနဲ့ စိတ်ကူးကလွဲ့လို့ တခြားမဟုတ်တာ သိသာပါတယ်။”
အစ်မ လျူ၏ မိတ်သဟာယက သုံးပါးတစ်ဆူ ဘုရားမတည်ရှိသည်ကို ကျွန်မကို အမှန်တကယ် နားလည်စေခဲ့သည်။ ဘုရားသခင်သည် အတုမရှိဖြစ်သည်ဟု ကျမ်းစာထဲတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်၊ ထို့ကြောင့် ဘုရားသခင်က သုံးပါးတစ်ဆူ ဘုရားဖြစ်သည်ဟု ဆိုခြင်းအားဖြင့် ကျွန်မတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို သုံးခု ခွဲနေကြခြင်း ဖြစ်သည် မဟုတ်ပါလား။ ဘုရားသခင်သည် သုံးပါးတစ်ဆူ ဘုရားဖြစ်သည်ဟု ကျွန်မတို့က အနှစ် တစ်ထောင်ကျော်ကြာ ပြောနေခဲ့ကြသော်လည်း မည်သူကမျှ ဤအရာက အမှန်တကယ် မည်သည့်အရာ ဆိုလိုသည်ကို ကောင်းကောင်း မရှင်းပြနိုင်ခဲ့ကြပါ။ ယခုတွင်မှ ဤအရာသည် လူ၏ စိတ်ကူးဖြစ်ပြီး ယင်းမှာ အမှန်တရားများနှင့် မကိုက်ညီသည်ကို ကျွန်မ သိခဲ့ရပါသည်။ ဤနက်နဲမှုကို အနန္တတန်ခိုးရှင် ဘုရားသခင်က ဖွင့်ပြခြင်းကြောင့်သာ မဟုတ်လျှင်၊ ယင်းကို ကျွန်မတို့ ဘယ်သောအခါမျှ နားလည်နိုင်လိမ့်မည် မဟုတ်ပါ။
ထို့နောက် အစ်မ လျူက သူ၏ မိတ်သဟာယကို ဆက်ပြုခဲ့ပြီး၊ “လက်ရှိ ပြဿနာကို ညီမလေး အခု ကြုံရပြီပဲ၊ အပြင်ပန်းမှာတော့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတို့က ဘုရားသခင်ကို ယုံကြည်ရာကနေ ညီမလေးကို တားဆီးဖို့ သူတို့ရဲ့ အယူအဆတွေနဲ့ လုပ်ကြံဖန်တီးထားတဲ့ ကောလဟလတွေကို ဖြန့်ဖြူးနေတာ ဖြစ်ပေမယ့်၊ အမှန်မှာတော့ အဲဒါက ဝိညာဉ်လောကထဲက စစ်ပွဲဆင်နွဲနေတာပါပဲ။ ဘုရားနှုတ်ကပတ်တော်ရဲ့ နောက်ထပ် ကျမ်းပိုဒ်ကို ဖတ်ကြရအောင်၊ အဲဒါဆိုရင် ငါတို့ ပိုကောင်းကောင်း နားလည်သွားမှာပါ။ ဘုရားသခင်က ပြောတယ်၊ ‘ဘုရားသခင်က အမှုပြု၏၊ လူကို သူစောင့်ရှောက်သည်၊ လူကို သူစစ်ကြောသည်။ စာတန်မူကား ဘုရားသခင်၏ ခြေလှမ်းတိုင်းကို ထက်ကြပ်မကွာလိုက်လေသည်။ ဘုရားသခင် မျက်နှာသာပေးသည့်သူ မည်သူမဆိုကို စာတန်ကလည်း နောက်ယောင်ခံရင်း စောင့်ကြည့်နေသည်။ အကယ်၍ ဘုရားသခင်က ထိုပုဂ္ဂိုလ်ကို အလိုရှိလျှင် စာတန်က ဘုရားသခင်ကို နှောင့်ယှက်ရန် သူအစွမ်းရှိသမျှ လုပ်ဆောင်ပါလိမ့်မည်။ သူ၏ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်ကို ရရှိရန် ဘုရားသခင်ပြုသော အမှုကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးဖို့ရန်နှင့် သွေးဆောင်ဖို့ရန် မကောင်းသည့် နည်းလမ်းအမျိုးမျိုးကို အသုံးပြုရင်းဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ အဘယ်အရာနည်း။ သူသည် ဘုရားသခင်ကို ဘယ်သူ့ကိုမျှ မရစေချင်ပါ။ သူ့ကို ကိုးကွယ်စေရန်၊… ဘုရားသခင် အလိုရှိသောသူမှန်သမျှ သူလိုချင်၏၊ သူတို့တွေကို သူနေရာယူချင်သည်၊ ချုပ်ထိန်းချင်သည်။’ ဘုရားသခင်က လူကို ကယ်တင်ဖို့ အမှုပြုတယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ပြောတယ်၊ ဒါပေမယ့် စာတန်က ဒါကို ဖြစ်ခွင့်ပြုဖို့ ဆန္ဒမရှိဘူး၊ သူက လူတွေကို ထိန်းချုပ်ဖို့ အချည်းနှီး မျှော်လင့်နေတယ်လေ၊ ဒါကြောင့် သူက ဘုရားသခင်နောက်လိုက်ရာကနေ ငါတို့ကို အဆက်မပြတ် နှောင့်ယှက်ဖို့နဲ့ တားဆီးဖို့ထိ မဖြစ်မနေ လုပ်တယ်။ ဥပမာအနည်းငယ် ပေးရရင်၊ ငါတို့ကို တားဆီးဖို့ မယုံကြည်တဲ့ ငါတို့ မိသားစုတွေကို သူ သုံးတယ်၊ လူတွေကို အခက်အခဲဖြစ်ရတဲ့ အခြေအနေတွေ သူ ကြုံစေတယ်၊ ပြီးတော့ ငါတို့ကို တားဆီးဖို့အတွက် အတွေးမှားတွေကို ဖြန်ဖြူးဖို့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတွေကို သူ သုံးတယ်။ ဒါတွေ အားလုံးကို လုပ်ရာမှာ သူ့ရဲ့ ရည်မှန်းချက်က ဘုရားအမှုတော်ကို ငါတို့ သံသယဝင်အောင် လုပ်ဖို့နဲ့ ဘုရားသခင်ကို ငါတို့ သစ္စာဖောက်အောင်၊ ပြီးတော့ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ငါတို့ ဆုံးရှုံးအောင် လုပ်ဖို့ပဲဖြစ်တယ်။ တစ်ယောက်ယောက် ဘုရားကို ယုံကြည်ရာမှာ ရိုးသားလေလေ၊ စာတန်ရဲ့ နှောင့်ယှက်မှုနဲ့ တိုက်ခိုက်မှုတွေက ပိုပြင်းထန်လေလေပဲ။ ဥပမာအနေနဲ့၊ ယောဘက သူ့ရဲ့ စမ်းသပ်မှုတွေကို ကြုံရတဲ့အချိန်မှာ၊ သူ့ရဲ့ မိတ်ဆွေသုံးယောက်နဲ့ သူမိန်းမတို့ အားလုံးက သူ့ကို တိုက်ခိုက်ရာမှာ စာတန်ရဲ့ အခန်းကဏ္ဍကို ကပြကြတယ်၊ ဒါပေမယ့် ယောဘက ဘုရားသခင်ကို သူ့စိတ်နှလုံးထဲမှာ အထွတ်အထိပ် ကိုင်စွဲထားတာကြောင့်၊ ပြီးတော့ ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်း သူ့မှာ ရှိတာကြောင့် နောက်ဆုံးမှာ သူ့ရဲ့ဘုရားသခင်ကို သက်သေခံမှုမှာ သူ ခိုင်ခိုင် ရပ်တည်နိုင်ခဲ့ပြီး ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာတွေကို ရရှိခဲ့တယ်။ ဒါကြောင့်၊ ဒီလို အခြေအနေမျိုးမှာ၊ ငါတို့အနေနဲ့ ကိုယ်ကိုယ်ကို သမ္မာတရားနဲ့ ပိုပြင်ဆင်ရမှာဖြစ်ပြီး၊ ဘုရားသခင်အပေါ် ပိုမို မှီခိုရမှာဖြစ်တယ်၊ အဲဒီနောက်မှပဲ ငါတို့ရဲ့ အယူအဆအားလုံးကို ငါတို့ ဖြေရှင်းနိုင်မယ်၊ စာတန်ရဲ့ စုံစမ်းနှောင့်ယှက်ခြင်းကို အောင်မြင်နိုင်ပြီး ငါတို့ရဲ့ သက်သေခံချက်ထဲမှာ ရပ်တည်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ” ဟု ဆိုပါသည်။
အစ်မ၏ မိတ်သဟာဟမှ တဆင့်၊ ဘုရားသခင်၏ အမှုတော်သစ်နောက်လိုက်ဖို့ ကျွန်မ ကံကောင်းခဲ့ပြီဖြစ်ပြီး ဤသည်မှာ ဘုရားသခင်က ကျွန်မကို ကယ်တင်နေခြင်းဖြစ်သည်ကို ကျွန်မ နားလည်လာခဲ့ပါသည်။ သို့သော်၊ စာတန်က ကျွန်မကို ဘုရားသခင် ရယူဖို့ ခွင့်ပြုရန် မလိုလားခဲ့ပါ၊ ထို့ကြောင့် သူက ကျွန်မ၏ ဝိညာဉ် အားနည်းလာပြီး အပျက်သဘောဆောင်လာအောင် လုပ်ဖို့ရန် ကျွန်မ၏ အိမ်ကို လာပြီး ကျွန်မကို အနှောင့်အယှက်ပေးဖို့နှင့် အယူအဆများနှင့် ကောလဟလများကို ဖြန့်ဖြူးဖို့ ကျွန်မ သင်းအုပ်ဆရာကို သူ အသုံးပြုခဲ့လေသည်။ သူ၏ ရည်မှန်းချက်မှာ ဘုရားသခင်ကို ကျွန်မ ရှောင်ဖယ်ပြီး သစ္စာဖောက်အောင် လုပ်ဖို့ဖြစ်သည်- စာတန်သည် အမှန်ပင် ဆိုးယုတ်လှပါသည်။ အလွန်နည်းပါးလှသည့် သမ္မာတရားကို ကျွန်မ နားလည်ခဲ့သည်၊ထို့ပြင် ကျွန်မ၏ ဝိညာဉ်အသက်တာ အလွန်နုနယ်လှပြီး၊ ယင်းက သင်းအုပ်ဆရာနှင့် အကြီးအကဲတို့ ဖြန့်ဝေသည့် အတွေးမှားများနှင့် အယူအဆများအားဖြင့် ကျွန်မကို ကျွန်မကို ထိန်းချုပ်ခံရစေတတ်သည်ကို ကျွန်မ မြင်ခဲ့ရသည်။ ထို့ကြောင့်၊ နောက်ရက်များတွင်၊ ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ ပိုမိုအချိန်ယူ ဖတ်ရှုခဲ့ပြီး၊ ကျွန်မ၏ ညီအစ်ကို မောင်နှများနှင့် အစည်းအဝေးများ တက်သောအခါတွင်၊ ကျွန်မသည် ကိုယ့်ကိုယ်ကို သမ္မာတရားနှင့် ပြင်ဆင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင်၊ ကျွန်မသည် ကျွန်မ အသင်းတော်မှ အခြားသော ညီအစ်ကို မောင်နှမများကို နောက်ဆုံးသောကာလ ဘုရားသခင်၏ ဧဝံဂေလိဆရားကို ဟောပြောခဲ့ပါသည်။ သို့သော်၊ နောက်ထပ် ပို၍ပင် ကြီးမားသော စုံစမ်းနှောင့်ယှက်ခြင်းက ကျွန်မအပေါ် ကျရောက်တော့မည်ကို မည်သူ သိနိုင်ခဲ့မည်နည်း…။ https://reurl.cc/1QVEjQ
ဆက်ရန်…
အပိုင်း နှစ်- ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်တွင်၊ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းများကို ကျော်လွှားအောင်မြင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ဦးဆောင်သည် (၂)

 

 

 

 

基督教會電影《這是何等悅耳的聲音》精彩片段:聽神聲音看見神的顯現

 https://reurl.cc/jdEoqm

 

每日靈

 

arrow
arrow
    全站熱搜
    創作者介紹
    創作者 人間過客 的頭像
    人間過客

    a118390的部落格

    人間過客 發表在 痞客邦 留言(0) 人氣()